မြူနှင်းများဝေချိန်

Gospel Lyrics

တေးရေး-အမည်ပသိ၊ တေးဆို-Nကိုင်ရာ တစ်ခါတုန်းကပုံပြင်မဟုတ်တဲ့ တကယ်အဖြစ်အပျက်လေးတစ်ခုဟာ ဟောင်းနွမ်းသွားလည်း ဆန်းသစ်နေဆဲပါ။ လူတွေကို ချစ်လွန်းလို့အကြင်နာပြုကြွခဲ့ပြီ လောကသားတို့ငံ့လင့်နေတဲ့သခင်… မြူနှင်းများဝေနေတဲ့ည မထင်ရှားတဲ့မြို့လေးမှာ စွန့်ပစ်ထားတဲ့တင်းကုပ်ငယ်လေးဟာ သူငယ်တော်လုံခြုံစေဖို့နေစရာလေးတစ်ခုဖြစ်ခဲ့တာ နှိမ့်ချခြင်းသဘောရဲ့ သက်သေပါ… သိမ်ငယ်စွာပဲစတဲ့ဘဝကို ရုန်းကန်လာခဲ့တာ ကယ်တင်ခြင်းကိုပေးဆပ်ချင်လွန်းလို့ပါ ဒီလိုအချိန်ကိုပြန်ရောက်ရင် ခရစ်တော်ဟိုတစ်ချိန်လာခဲ့တုန်းကအဖြစ်တွေ အမြဲတမ်းကွယ်သတိရနေတယ်…