မြူနှင်းများဝေချိန်

Gospel Lyrics

တေးရေး-အမည်ပသိ၊ တေးဆို-Nကိုင်ရာ တစ်ခါတုန်းကပုံပြင်မဟုတ်တဲ့ တကယ်အဖြစ်အပျက်လေးတစ်ခုဟာ ဟောင်းနွမ်းသွားလည်း ဆန်းသစ်နေဆဲပါ။ လူတွေကို ချစ်လွန်းလို့အကြင်နာပြုကြွခဲ့ပြီ လောကသားတို့ငံ့လင့်နေတဲ့သခင်… မြူနှင်းများဝေနေတဲ့ည မထင်ရှားတဲ့မြို့လေးမှာ စွန့်ပစ်ထားတဲ့တင်းကုပ်ငယ်လေးဟာ သူငယ်တော်လုံခြုံစေဖို့နေစရာလေးတစ်ခုဖြစ်ခဲ့တာ နှိမ့်ချခြင်းသဘောရဲ့ သက်သေပါ… သိမ်ငယ်စွာပဲစတဲ့ဘဝကို ရုန်းကန်လာခဲ့တာ ကယ်တင်ခြင်းကိုပေးဆပ်ချင်လွန်းလို့ပါ ဒီလိုအချိန်ကိုပြန်ရောက်ရင် ခရစ်တော်ဟိုတစ်ချိန်လာခဲ့တုန်းကအဖြစ်တွေ အမြဲတမ်းကွယ်သတိရနေတယ်…

Merry Christmas

Gospel Lyrics

တေးရေး- အမည်မသိ၊ တေးဆို-Jenny ဒီဇင်ဘာအေးချမ်းလှပတယ် ငွေရောင်နှင်းကလေးတွေရယ် ကမ္ဘာကြီးကို ဖုံးလွှမ်းကာ အေးမြစေတယ်… ဒီလိုအချိန်ခရစ္စမတ်ရောက်ခဲ့ရင် ပြန်လည်ကာတမ်းတမိနေတယ် ဟိုတုန်းက တို့ရဲရင်မှာ ငြိမ်းချမ်းစေတယ် Merry Christmas နှုတ်ဆက်သံတွေ ပြန်ကြားတိုင်း နှလုံးသားတွေ ကြည်နူးမှုပြည့်ဝလို့ အပြုံးပန်းပွင့်ပြီး နွားစားခွက်လေးထဲ အိပ်စက်နေ ယေရှု ဘုရားရဲချစ်သက်သေ ပြန်လည်ကာဆန်းစစ်မိတယ်လေ… ဒီလိုအချိန်ခရစ္စမတ်ပွဲနေ့မှာ ဆွေသဟာတွေ ဝမ်းမြောက်ကြရဲလား ရင်ထဲက စိတ်ညစ်စရာမေ့ထားလိုက်ပါ ဒီကမ္ဘာကို အချစ်နဲ့ဆင်းခဲ့သူ

မျက်လုံးလေး

Gospel Lyrics

ဆို – ခရစ္စတီးနား ( မျက်လုံးလေး)၂ ဘာတွေကြည့်နေလဲ။ ( မျက်လုံးလေး)၂ ကျမ်းစာဖတ်ပါမယ်။ ( ဒီနားလေး)၂ ဘာတွေနားထောင်လဲ။ ( ဒီနားလေ။)၂ ဘုရားစကားနားထောင်မယ်။ ( နှုတ်ခမ်းလေး)၂ ဘာတွေပြောနေလဲ။ ( နှုတ်ခမ်းလေး)၂ ဝမ်းမြောက်ဖွယ်ပြောမယ်။ ( ဘုရားသခင်ချစ်တဲ့ ဒို့တွေ အလင်းထဲမှာပဲ။ မုသာမပြောဘဲ လုပ်ဆောင် ကြိုးစားပါမယ်။)၂