နေဝင်ချိန်ကျူး။ ဒေ၊ ၁၂း၁
The Day Thou Gavest Lord, is ended 343
၁ ပေးတော်မူသောနေ့တာကုန်လွန်ပြီ၊ မိန့်တော်မြတ်တိုင်း၊ မှောင်မိုက်ဆင်းသက်၊ အရုဏ်ချိန်ချီးမွမ်းခဲ့သည်နည်းတူ၊ မအိပ်ခင်လည်းဘုန်းတော်ချီးမြှင့် ၂ နိုင်ငံတိုင်းမှာ အရုဏ်တက်သောအခါ၊ နေ့သစ်တနေ့ဖြစ်လျက်ပေါ်လာ။ ချီးမွမ်းဆုတောင်းသံမြေကြီးပေါ်မှာ။ ဘယ်သောအခါမျှမရပ်မနား။ ၃ အရှေ့တိုင်းသားများအိပ်ပျော်စဉ်ခါ၊ အနောက်တိုင်းသားများနိုးထကြ။ အံ့ဘွယ်သောမှုတော်များအဆင့်ဆင့်၊ လူတို့ချီးမွမ်းနေကြအစဉ်။ ၄ မြေကြီးပေါ်မှာနိုင်ငံများပျက်ပြား၊ ပလ္လင်တော်ကားစဉ်ထာဝရ။ လူတိုင်းထံတော်သို့ရောက်သည်တိုင်အောင်၊ နိုင်ငံတော်သည်တိုးတက်ကြီးပွါး။