အိမ်ထောင်လုံးနံနက်သီချင်း။ ၁ ဆာ ၁၀၇း၄၁-၄၃

 

၁  လာကြလော့၊ အိမ်သူအိမ်သားများ၊

ကျေးဇူးတော်အောက်မေ့ကြစို့။

အနန္တမဟာဂရုဏာ၊

စုရုံးလျက်သီချင်းသံချို။

(ဤနံနက်ခါ။) ၂

ပြိုင်လျက်သီဆိုကြကုန်စို့။

 

၂  ကောင်းကင်ဘုံ၊ မြေကြီးအရာကို

ဖန်ဆင်းသောဘုရားအရှင်၊

ကျွန်ုပ်တို့ဆင်းရဲသောနေရာသို့၊

ကြွလာပါမည်လော၊ သခင်။

(အို – ကျေးဇူးရှင်၊) ၂

ကြွလာတော်မူပါ၊ သခင်။

 

၃  ရှေးကာလ၌မိုက်မဲခြင်းဖြင့်၊

ဖုံးလွှမ်းလျက်နေကြပါပြီ။

ဘုန်းနှင့်ပြည့်စုံသောကယ်တင်ခြင်း။

ရှေးကာလမကြားမသိ။

(ထိုကယ်တင်ခြင်း၊) ၂

ဝမ်းမြောက်ဘွယ်သိတင်းဖြစ်၏။

 

၄  ယေရှု၏အသွေးတော်အားဖြင့်၊

တို့အပြစ်များကိုဖြေရှင်း၊

အားနည်းသောသူကိုကယ်မခြင်း၊

ပေးသနား၊ အိုကျေးဇူးရှင်

(ကောင်းကင်ဘုံ၌။) ၂

စုဝေးခြင်းပေးပါ၊ အာမင်။