ဆို – ပုလဲစီ

အတုယူလောက်စရာ ဒံယေလအသက်တာ
တစ်နေ့မှာသုံးခါ မှန်မှန်ပဲ ဒူးထောက်ကာ
ဆုတွေတောင်းကာ ဂုဏ်တော်အမြဲချီးမွမ်းတာ
ခြင်္သေ့ရန်ဘေးမှ ကိုယ်တော်ဘုရား သူ့ကို ကယ်ခဲ့တာ။

ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါ သုံးဦးဟာ
ဘုရားရှင်သူတို့ကို ကယ်နိုင်မှန်းသိကြတယ်
ဘုရားရှင်ကလွဲရင် ဘာကိုမှ ဦးမချပါ
မီးရန်ဘေးမှ ကိုယ်တော်ဘုရား သူတို့ကို ကယ်ခဲ့တာ။