တေးရေး- ဂျီးနော်
တေးဆို-စောဝင်းလွင်

ယနေ့တွင် ဒါဝိတ်မြို့၌ ခရစ်တော်သည်မွေးဖွားပြီး
တို့ ရဲ့ အပြစ်တွေ ကယ်တင်ဖို့ အလို့
နွားစာခွက်လေးထဲမှာ အဝတ်တွေနဲ့ပတ်ရစ်ကာ
သိမ်ငယ်အိပ်စက် သူငယ်တော်လေးပါ
သိုးထိန်းများနဲ့ သုံးပါးသောပညာရှိ
ပြပ်ဝပ်ခစား လက်ဆောင်ပဏ္ဍာများနဲ့

(ကောင်းကင်ဘဝင်္ဂဝယ် ဘုရားရှင်ဘုန်းကြီးစေပါ
မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိပါစေသား)၂

ယနေ့တွင် ကျွန်ုပ် နှလုံးသား၌ ခရစ်တော်ရှင်မွေးဖွားပြီ
ဆိုးညစ်သမျှကို ကယ်ချွတ် ရွေးနှုတ်သည်
ဇာတိပကတိ သဘောထား မေတ္တာနှင့်ဆေးကြောကာ
ငြိမ်းချမ်းမှုတို့ ဆောင်ယူ လူသားအတွက်
ဆောင်းများနှင်းများ တဖွဲဖွဲကျဒီဇင်ဘာ
နှလုံးသားအသစ်အတွက် ဘုရားရှင်ရဲ့ ခရစ်စမတ်

ကောင်းကင်ဘဝင်္ဂဝယ် ဘုရားရှင်ဘုန်းကြီးစေပါ
မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိပါစေသား
(Merry Christmas Merry Christmas to you)
ဟား ဟား ဟား – ဟား ဟား တာ တာ

Tags: