ပျော်ရွှင်ဘွယ်သောညချမ်းဖြစ်ပါစေ
အားလုံးကိုနှုတ်ခွန်းဆက်ပါတယ်
မင်္ဂလာအပေါင်းနဲ့ပြည့်၀စေသား
ပျော်ရွှင်စရာခရစ္စမတ်ရောက်ပြီလေ

ပညာရှိများယူဆောင်ခဲ့လက်ဆောင်တွေ
မေရှိယကိုဖူးတွေ့ဘို့ရန်လေ
တို့များနှလုံးသားလည်းဆက်ကပ်
ကြပါစို့
ပျော်ရွှင်စရာခရစ္စမတ်မှာလေ

ဒီကမ္ဘာမြေကို(အလင်းပေးမည့်သူ)
ဧမာနွေလ (ဘုန်းကြီးအရှင်)
ဗက်လင်မြို့ရဲ့(နွားစာခွက်ထဲ)
နှိမ့်ချမှုနဲ့မွေးဖွားခဲ့ပြီလေ။

လောကသားတိုင်း(အပြစ်မှလွတ်ရန်)
လမ်းပျောက်သူများ(လမ်းပြဖို့ရန်)
ကယ်တင်ပိုင်ရှင်(ယေရှုသခင်)
အားလုံးအတွက်မွေးဖွားခဲ့ပြီ။