တေးရေး – ကီးကီး (သမိုင်း)
တေးဆို – ဖိုးကာ

V-I
သိပ်အရမ်းမချမ်းပါနဲ့ ဆောင်းနှင်းတွေရယ်
တောင်းပန်ပါတယ် အဝေးသွားစမ်းပါကွယ်
မြူနှင်းလေးတွေရယ် စာနာပေးစေချင်တယ်
ဟိုအရင်တုန်းကသူငယ်ချင်း ခရစ်စမတ်သီချင်းတွေချစ်တဲ့သူ
အခုတော့နဲ့ဝေး လွမ်းအားပိုပြီး သူငယ်ချင်းရေ

V-II
အတူဆိုပြီးခဲ့တဲ့ ကယ်ရယ်သီချင်းလည်း မင်းကိုမျှော်နေဆဲ
မမြင်နိုင်အဝေးမှာပဲ ရင်ထဲကြိတ်မှိတ်ပြီး ပျော်နေမလားကွယ်
ဖြူစင်လွန်းတဲ့ သူငယ်ချင်း အပြုံးလေးများ ပိုင်ဆိုင်ထားသူ
အခုတော့တို့နဲ့ဝေး လွမ်းအားပိုပြီး သူငယ်ချင်းရေ

CHO:
ဟန်ဆောင်မှုတွေမဲ့ အကြင်နာတွေကိုမင်း ချန်ထားခဲ့
အစေခံလမ်းကြမ်းထဲ ပေးဆပ်နေသူမင်း ပျော်စေသားကွယ်
အဝေးက ဆုတောင်းနေမယ် ချစ်သော မင်းအတွက်
အဝေးကတောင်းဆုချွေးမယ် သူငယ်ချင်းမင်းအတွက်
V-III
ရွာအဝင်လမ်းထက် ကယ်ရယ်သီချင်းလည်း မင်းကိုရှာနေဆဲ
မပြန်နိုင်အဝေးမှာပဲ ဒို့တွေနဲ့ မဟုတ်ပဲ ပျော်နေပြီလားကွယ်
မာန်တွေကင်းတဲ့ သူငယ်ချင်း အမြဲတမ်းပဲ ကူညီတတ်သူ
အခုတော့ ဒို့နဲ့ ဝေး လွမ်းအားပိုပြီသူငယ်ချင်းရေ

ခရစ်စမတ် သစ်ပင်ထက် ပိုင်ရှင်မဲ့တဲ့လက်ဆောင် အထုတ်လေးရှိတယ်
သိပ် အရမ်းမချမ်းပါနဲ့ ဆောင်းနှင်းတွေရယ် တောင်းပန်ပါတယ်
ရွာအဝင်လမ်းထက် ကယ်ရယ်သီချင်းလည်း မင်းကိုရှာဆဲ
ခရစ်စမတ် သစ်ပင်ထက် ပိုင်ရှင်မဲ့တဲ့လက်ဆောင် အထုတ်လေးရှိတယ်

Tags: