၁။
နေခြည်ရဲ့အလင်းလေးနဲ့ ကင်းဝေးလို့
အမှောင်ကမ္ဘာမှာစမ်းတဝါးဝါး လမ်းလျှောက်သူ
အကြင်နာမပါမုန်းတတ်တဲ့ အိုလူသား
အလင်းတော်ကို တမ်းတမိရှာ
ဟိုတချိန်က ပရောဖက်တွေဟောထားချက်
ယုံကြည်ကာအားကိုးလျက် စောင့်လို့မျှော်
အကြင်နာရှင်ဆောင်းညရဲ့ အိုလူသား
အလင်းရှင်တော် မြန်းကြွဆင်းလာ
ထပ်ဆိုရန် –
ဂျူးဒီအားရဲ့အလင်း မျှော်နေသူများအတွက်
ကမ္ဘာတဝှမ်းရဲ့အလင်း အားငယ်နေသူများအတွက်
ယေရှုရှင်ကြွလာခဲ့ လူတွေကိုကယ်ဖို့
ငြိမ်းချမ်းမှုရဲ့ အလင်းထွန်းလင်းပြီ။
၂။
သိမ်ငယ်စွာ လူ့အဖြစ်ကိုယူကာရယ်
ပျော်ရွှင်စွာ နှိမ့်ချလျက်ဆင်းကြွလာ
ဘာရယ်ကြောင့်ဘုရားအဖြစ်ကို ထိန်ဝှက်ထား
နားမလည်နိုင် နက်နဲချက်ပါ
တကယ်ဆိုရင် အဖြစ်ဆန်းကို တွေးကြည့်တော့
ကိုယ်တော်ရှင်ကြီးမားတဲ့ ချစ်မေတ္တာ
ကမ္ဘာလူသား အပြစ်ဘဝကိုကယ်ယူဖို့
အနစ်နာခံ မြန်းကြွဆင်းလာ