အနွေးထည်လေးတွေကိုယ်စီနဲ့
ချမ်းအေးလှတဲ့ ဆောင်းညမှာ
တုန်ရီနေလွန်းလို့ အနွေးဓါတ်လေးရအောင်
အမျိုးမျိုးလွှမ်းခြုံကြတယ်

ဟိုရှေးတုန်းက ဒီလိုအချိန်
ဆောင်းနှင်းလေးများကျတဲ့အချိန်
အလွန်ချောင်ကျတဲ့မြို့ငယ်လေးတမြို့မှာ
ယေရှုခရစ်ဖွားမြင်ခဲ့တယ်

လူသားတွေအပြစ်မှလွတ်ဖို့
ဆင်းသက်ခဲ့ရ ဆောင်းညရဲ့တည
အအေးဒဏ်ပိုနေခဲ့လည်း
တားဆီးလို့မရ သူရဲ့ အချစ်က
ဒီဒဏ်တွေကိုကျော်ကာ
လူတွေအပေါ်ယိုစီး
( အပြုံးလေးများနဲ့ )၃
သီဆိုကာကြိုဆိုကြမယ်

Tags: