အို မြူမှုန်တွေဆိုင်းတဲ့ ညလေးတစ်ည
ရင်ခွင်မှာ အတွေးတွေရယ်ရောက်လာ
မအေးချမ်းတော့ပါလား

အပြစ်ကိုယ်တော်နဲ့ ဝေးကွာစေတဲ့အပြစ်
မလွန်ဆန်နိုင် အပြစ်နှံတွေကြားမှာ
ထွက်ပေါက် ရှိပါ့မလား

များလွန်းတဲ့ လူတွေရဲ့ အပြစ်အတွက်
တခြားနည်းလမ်းတွေရယ်မရှိလို့
တစ်ပါးတည်းသားတော် ဆင်းသက်ကြွလာခဲ့

တိတ်ဆိတ်ည သန်းခေါင်ယံထဲမှာ
လောကအတွက် သူကြွဆင်းလာ
လူတွေ အပြစ်လွတ်ဖို့ပါ
သိမ်ငယ်စွာလူသားမွေးဖွားလာ
ဆောင်းညလေးဟာ အဖိုးတန်သွား

Tags: