Key-G
တေးရေး-ဘိုနီ၊တေးဆို -ချမ်းချမ်း

စိန်ခေါ်မှုများအလယ် အသက်ရှင်ရင်း
လူသားများ ထွက်ပေါက်မဲ့လှုပ်ရှားရင်း
ဘဝရဲ့ ဒဏ်တွေကြား ရုန်းကန်ရင်း
အချိန်များသာ ကုန်ဆုံးကာသွားခဲ့

V-I စစ်မက်များဖွဲ့ ငြိမ်းချမ်းခြင်းလည်း ကင်းမဲ့ခဲ့ပြီ
အတ္တများအတွက် အချင်းချင်း သတ်ဖြတ်သွေးတွေနဲ့
ကမ်းလက်များအတွက် ဖေးမမဲ့လက်ကသွေးစွန်းခဲ့ပြီ
ထွက်ပေါက်တခုအတွက် ဘုရားကတပါးတည်းသားတော်စေလွှတ်

CHO:
ဆောင်းတစ်ညမှာ နိမ့်ကျကာ
သူငယ်တော်မွေးဖွားပြီ ကမ္ဘာတလွှားကိုသိစေဖို့
သတင်း(ကောင်း)ကို ပြောကြားမယ်
သူငယ်တော်ရဲ့မေတ္တာ ကမ္ဘာတလွှားကို လွှမ်းခြုံသွားဖို့
(ကမ္ဘာတလွှားကိုလွမ်း) ကယ်တင်ခြင်း လူတိုင်းကိုရစေဖို့

VII
ခိုနားဖို့ ရာမရှိပါ ဗက်လင်မြို့
ကယ်တင်ရှင်သခင်ကိုလည်း ငြင်းပယ်ခဲ့
လောကသားအတွက်ကို အသက်စတေးရင်း
ဘုရားမြတ်ရဲ့ ရှေ့မှာဖြောင့်မတ်ဖို့

Ending
ကိုယ်တော်သင့်ဘဝထဲပေးဝင်မလား ရင်ခွင်တံခါးခေါက်ကာစောင့်စားခဲ့ ၊
ငြင်းပယ်နေမှာပါ။ လက်ခံမလား သခင်ဘုရား ခိုနားနိုင်ဖို့ရာမျှော်နေတယ်

Tags: