နှင်းငွေလေးတွေဖွဲဖွဲကျတဲ့အခါ ပူလောင်မူများ ၊
အမှုန်ငွေ့ လေးလို လွှင့်ပျောက်သွားတယ်
ဒီဇင်ဘာရယ် နှလုံးသားထဲမှာ
အေးချမ်းမှုများစွာ ယူဆောင်လာပေး
မြူတွေရင်ကို အေးစေသော ဆောင်းငွေနှင်း

လောကဝမ်းမြောက်ဘုရားရှင်ကြွခဲ့တာ
ဒီအချိန်ခါမှာ
အပြစ်လူသားကိုချစ်လို့ပါလေ
ဒဏ္ဍာရီမဟုတ်ဘူး
လောကီသားတွေဝမ်းမြောက်ဖို့သတင်းကို
သယ်ဆောင်လာဆဲ
ဒီလိုရင်ကို အေးစေသော ဆောင်းငွေနှင်း

ကယ်တင်ရှင်ယေရှုရှင်အား၊
ကြိုဆိုကာရယ် ချီးမွမ်းသီချင်းဆိုရင်း
ဝမ်းမြောက်ခြင်းတွေ အပြည့်ခံစားလို့
ကိုယ်တော်ရှင်ရဲ့ ဘုန်းတန်ခိုးတော်အား
ကမ္ဘာမြေတစ်ခုလုံးလူသားများ
ချီးမွမ်းခြင်းဆိုကြ ဟာလေလုယာ
ခရစ်စမတ် လအချိန်ခါ

Tags: