၁။
ဟိုးရှေးကဆန်းလွန်းတဲ့ အဖြစ်အပျက်တစ်ခု
ဘိုးဘေးတို့ မှတ်ကျောက်တင်ခဲ့
ဘုရားအဖြစ်က လူ့အဖြစ်ကိုထွေးပိုက်တဲ့
ခရစ်ဘုရားမြတ်ရှိခဲ့တယ်တဲ့

 

၂။
ရိုးသားတဲ့ သိုးကလေးတွေ လမ်းမမှားဘို့
စွန့်လွှတ်ခဲ့ ဘုရားစည်းစိမ်ရယ်
ကောက်ကျစ်တဲ့ နတ်ဆိုးရဲ့လက်တွင်းက
ရွေးနှုတ်ဖို့ လူ့အဖြစ်ယူတယ်
 
CHO-
(အိုး — ဆိုင်သူတွေမသိသေးတဲ့
သူ့အချစ်နဲ့ ဒို့အများအတွက်မြန်းကြွလာတယ်
ဒို့များလည်းခရစ်ဘုရားရဲ့ချစ်ခြင်းအတွက်
အတုံ့အလှည့်လေးပေးသင့်ပါတယ် )၂ ၊ပေးရမည်ကွယ်
 
၃။ ဆောင်းနှင်းများ ကျတဲ့အချိန်
ခရစ်ဘုရားရဲ့ မွေးနေ့မြတ်ကျင်းပလေရဲ့
ပြောင်းလဲတဲ့ နှလုံးသားတွေပေါင်းစပ်ပြီး
ခရစ်ဘုရားအတွက် ဆပ်ကပ်မယ်ကွယ်