အေးချမ်းလှတဲ့ဆောင်းညတစ်ညမှာ
တစ်လောကလုံးအိပ်စက်တဲ့အချိန်
သူဖန်ဆင်းထားတဲ့လူတွေအတွက်
ဘုန်းစည်းစိမ်စွန့်လွှတ်ပြီး
သိမ်ငယ်စွာဖြင့် နွားစားခွက်ထဲမှာ
သူမွေးဖွားလေပြီ
ငြိမ်သက်ခြင်း(ကမ္ဘာကြီးအတွက်)
ကယ်တင်ခြင်း(အပြစ်သားတွေအတွက်)
ယူဆောင်လာသူ(ခရစ်တော်ရှင်)
ကမ္ဘာကြီးထဲရောက်ရှိခဲ့ပြီ
ငြိမ်သက်ခြင်းအရှင်မွေးဖွားခဲ့ပြီ။
သူငယ်တော်ခရစ်တော်
သင့်နှလုံးသားထဲမှာ
မွေးဖွားခွင့်ပေးလိုက်ပါလား
ဘုရင်တကာရဲ့ဘုရင်
အရှင်တကာရဲ့အရှင်
ကြီးမားသောတံပိုးမှုတ်သံနဲ့
သူပြန်လာမယ်
အားလုံးရဲ့ရှေ့မှောက်မှာ
ဘုန်းကြီးခြင်းတန်ခိုးနဲ့