တေးရေး – မောင်မောင်သန့်
တေးဆို – ဖိုးကာ+ချမ်းချမ်း

မ – အမှောင်ကမ္ဘာမြေ ဒီလောက ကယ်တင်ရှင်လိုအပ်ချိန်
က – လူသားတိုင်းအတွက်သူလာ
မ – ဆင်ခြင်စရာလူသားအတွက် ကယ်တင်မဲ့ဘုရားရှင်
က – ဒီနွားစာခွက်ရဲ့ အလယ်မှာ

က-
လူ့ဇာတိခံမွေးဖွား ဒီလိုဆောင်းညချမ်းအချိန်လေးမှာ
လူတကာဝမ်းမြောက်စရာ ယူဆောင်လာ သိရှိလို့သာခံစားပြီး
လူသားတိုင်းရင်မှာ ဝမ်းမြောက်စရာ
ဒီသတင်းကောင်း ယူဆောင်ခဲ့တဲ့မေတ္တာအကြောင်း
နှလုံးသားများကိုယ်စီခံစားမိပါပြီ
ကိုယ်တော်ပေးတဲ့အသက်လမ်းဆီ
ဒီလိုခရစ်စမတ်သီချင်းသံ ကမ္ဘာကြီးအတွက်ဖြစ်စေပြီ

မ-
အပျိုကညာဝမ်းမှာ ဝိညာဉ်တော်အားဖြင့်
ကယ်တင်ရှင်မွေးဖွား နုံချာလှသောနွားစားခွက်မှာ
ဘုရင်တကာတို့၏ ဘုရင်
ဘုရားအားလုံးတို့၏ထာဝရဘုရား စီရင်ပိုင်သောအရှင်
ကိုယ်တော်ပေးတဲ့အသက်လမ်းဆီ

Tags: