ဆောင်းနှင်းမြူတွေကြားထဲ
သီချင်းလေးသီဆိုရင်းနဲ့
ချစ်တဲ့ညီအစ်ကို အပေါင်းသင်းများဆီကွယ်၊
မေတ္တာတွေအပြည့်နဲ့ ချစ်ကြင်နာကြမယ်
ခရစ္စမတ်ရက်မြတ် ဒီအချိန်လေးထဲဝယ်

ဒီလိုခရစ္စမတ်အချိန်လေးကို မမေ့နဲ့ဦး
တို့ရဲ့ အရှင်ခရစ်တော် ဖွားမြင်လာတယ်လေ၊
ဒို့များဆုံတွေ့ကာ သီချင်းလေးသီဆိုမယ်
ယေရှုခရစ်ဖွားမြင်လာတာ ဒို့အတွက်လေ