တေးရေး-စောဝင်းလွင်
တေးဆို-ကြိုးကြာ

ည-ငြိမ်သက်ပြီးတိတ်ဆိတ်လို့နေတယ်
ဝေဟင်မှာကြယ်တစင်း လင်းနေပြီး
အဓိပ္ပါယ်ကိုသိချင်တယ်၊ ဘာတွေဖြစ်အုန်းမလဲ

ည-ကြယ်စင်ရယ်မြေခတဲ့ည
ဒီလူတွေရဲ့ အပြစ်ကိုဆောင်ယူဘို့
အသက်ကိုနှင်းမဲ့သူငယ် မညိုညင်ခဲ့ဘူးကွယ်
သိမ်ငယ်စွာလူသားဘဝ၊ သူလေခံယူကာ
နာကျင်စွာ အဆုံးတိုင်ရောက်လှမ်းခဲ့..

သင်မြင်နိုင်ရဲ့လား ဟိုမှာလေသင့်ရဲ့ ခရစ်တော်ဘုရား
သူတစ်ချက်ညည်းတွား ခြင်းမရှိပါ
ဘယ်အချိန်သင်လွမ်းခဲ့မယ် မျှော်လင့်လို့ဆုတောင်းရင်း..
မဆုံးသောအချစ်နဲ့ဘယ်အချိန်မှာအနီးလေးရောက်လာမလဲ
ဒါတွေဟာ သူ့အတွက်မျှော်လင့်ချက်
သူ့ရဲ့မေတ္တာဆိုချင်တယ်၊ အမြန်လှမ်းခဲ့
ဒီရင်ခွင်ထဲ အပြေးလာခဲ့