သတင်းကောင်းပြောစို့

Gospel Lyrics

ဆို – အဖွဲ့ (ကြားဖူးလား)၂ အနူလေးယောက်အကြောင်းကို သူတို့ခမျာ နေစရာမရှိလို့ မြို့ပြင်မှာနေရရှာ မြို့ထဲသွားရင် ခဲနဲ့ပေါက်မှာ သူတို့ခမျာ မသက်သာ ဒီအတိုင်းပဲ ဆက်နေရင် အစာငတ်ပြီး သေမှာ ရှုရိတပ်ထဲသွားကာ အသနားခံတာ ဘယ်သူမှမတွေ့ပါ ပစ္စည်းဥစ္စာစားစရာတွေများသာ ဝမ်းမြောက်ဝမ်းသာ စားလိုက်ကြတာ သိမ်းဆည်းလိုက်ကြတာ ဒီအတိုင်းပဲမနေပါ မြို့ထဲသွားကာ သတင်းကောင်းပြောကြတာ (ဟေ့) ချစ်တဲ့မိတ်ဆွေ ဘုရားရဲ့မေတ္တာ သတင်းကောင်းပြောစို့လား။

အတုယူလောက်စရာ အသက်တာ

Gospel Lyrics

ဆို – ပုလဲစီ အတုယူလောက်စရာ ဒံယေလအသက်တာ တစ်နေ့မှာသုံးခါ မှန်မှန်ပဲ ဒူးထောက်ကာ ဆုတွေတောင်းကာ ဂုဏ်တော်အမြဲချီးမွမ်းတာ ခြင်္သေ့ရန်ဘေးမှ ကိုယ်တော်ဘုရား သူ့ကို ကယ်ခဲ့တာ။ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါ သုံးဦးဟာ ဘုရားရှင်သူတို့ကို ကယ်နိုင်မှန်းသိကြတယ် ဘုရားရှင်ကလွဲရင် ဘာကိုမှ ဦးမချပါ မီးရန်ဘေးမှ ကိုယ်တော်ဘုရား သူတို့ကို ကယ်ခဲ့တာ။

မျက်လုံးလေး

Gospel Lyrics

ဆို – ခရစ္စတီးနား ( မျက်လုံးလေး)၂ ဘာတွေကြည့်နေလဲ။ ( မျက်လုံးလေး)၂ ကျမ်းစာဖတ်ပါမယ်။ ( ဒီနားလေး)၂ ဘာတွေနားထောင်လဲ။ ( ဒီနားလေ။)၂ ဘုရားစကားနားထောင်မယ်။ ( နှုတ်ခမ်းလေး)၂ ဘာတွေပြောနေလဲ။ ( နှုတ်ခမ်းလေး)၂ ဝမ်းမြောက်ဖွယ်ပြောမယ်။ ( ဘုရားသခင်ချစ်တဲ့ ဒို့တွေ အလင်းထဲမှာပဲ။ မုသာမပြောဘဲ လုပ်ဆောင် ကြိုးစားပါမယ်။)၂