တေးရေး – ကီးကီး (သမိုင်း) တေးဆို – ဖိုးကာ V-I သိပ်အရမ်းမချမ်းပါနဲ့ ဆောင်းနှင်းတွေရယ် တောင်းပန်ပါတယ် အဝေးသွားစမ်းပါကွယ် မြူနှင်းလေးတွေရယ် စာနာပေးစေချင်တယ် ဟိုအရင်တုန်းကသူငယ်ချင်း ခရစ်စမတ်သီချင်းတွေချစ်တဲ့သူ အခုတော့နဲ့ဝေး လွမ်းအားပိုပြီး သူငယ်ချင်းရေ V-II အတူဆိုပြီးခဲ့တဲ့ ကယ်ရယ်သီချင်းလည်း မင်းကိုမျှော်နေဆဲ မမြင်နိုင်အဝေးမှာပဲ ရင်ထဲကြိတ်မှိတ်ပြီး…
အားလုံးအတွက်
တိတ်ဆိတ်တဲ့ညတည၊ တလောကလုံးအိပ်စက်တဲ့အချိန် မှောင်လွန်းတဲ့ညတည ကြယ်ကလေးများလင်းလက်နေတဲ့ ဗက်လင်မြို့လေးထဲကို သူငယ်တော်လှမ်းဝင်ခဲ့ပြီ လောကသားတွေရဲ့ အပြစ်နဲ့နှစ်မွန်းတဲ့အချိန် လောကသားတွေကို အပြစ်မှလွတ်မြောက်ရန်အတွက် ကယ်တင်ရှင်မေရှိယသခင် အားလုံးအတွက်ဖွားမြင်ခဲ့ပြီ ဟာလေလုယာ ကောင်းကင်ထက်ကသီချင်းသံ၊ ဟာလေလုယာ သိုးထိန်များအပြေးအလွှားရောက်လာ ( ဟာလေလုယာ ပညာရှိများပူဇော်ရန်လာ ကယ်တင်ရှင်မေရှိယသခင် အားလုံးအတွက်ဖွားမြင်ခဲ့ပြီ
အပြုံးလေးများနဲ့
အနွေးထည်လေးတွေကိုယ်စီနဲ့ ချမ်းအေးလှတဲ့ ဆောင်းညမှာ တုန်ရီနေလွန်းလို့ အနွေးဓါတ်လေးရအောင် အမျိုးမျိုးလွှမ်းခြုံကြတယ် ဟိုရှေးတုန်းက ဒီလိုအချိန် ဆောင်းနှင်းလေးများကျတဲ့အချိန် အလွန်ချောင်ကျတဲ့မြို့ငယ်လေးတမြို့မှာ ယေရှုခရစ်ဖွားမြင်ခဲ့တယ် လူသားတွေအပြစ်မှလွတ်ဖို့ ဆင်းသက်ခဲ့ရ ဆောင်းညရဲ့တည အအေးဒဏ်ပိုနေခဲ့လည်း တားဆီးလို့မရ သူရဲ့ အချစ်က ဒီဒဏ်တွေကိုကျော်ကာ လူတွေအပေါ်ယိုစီး ( အပြုံးလေးများနဲ့ )၃ သီဆိုကာကြိုဆိုကြမယ်