အားလုံးအတွက်

အားလုံးအတွက်

တိတ်ဆိတ်တဲ့ညတည၊ တလောကလုံးအိပ်စက်တဲ့အချိန် မှောင်လွန်းတဲ့ညတည ကြယ်ကလေးများလင်းလက်နေတဲ့ ဗက်လင်မြို့လေးထဲကို သူငယ်တော်လှမ်းဝင်ခဲ့ပြီ လောကသားတွေရဲ့ အပြစ်နဲ့နှစ်မွန်းတဲ့အချိန် လောကသားတွေကို အပြစ်မှလွတ်မြောက်ရန်အတွက် ကယ်တင်ရှင်မေရှိယသခင် အားလုံးအတွက်ဖွားမြင်ခဲ့ပြီ ဟာလေလုယာ ကောင်းကင်ထက်ကသီချင်းသံ၊ ဟာလေလုယာ သိုးထိန်များအပြေးအလွှားရောက်လာ ( ဟာလေလုယာ ပညာရှိများပူဇော်ရန်လာ ကယ်တင်ရှင်မေရှိယသခင် အားလုံးအတွက်ဖွားမြင်ခဲ့ပြီ

နှင်းစက်များနဲ့

နှင်းစက်များနဲ့

နှင်းစက်လေးတွေရယ် ရင်ထဲအေးမြသွားစေတယ် နလုံးသားထဲအထိ အေးချမ်းသွားစေတယ် ခရစ်စမတ်တေးသံနဲ့ နှင်းစက်လေးတွေကြားထဲ လောကကြီးအတွက် သတင်းကောင်းလေးပြောမယ် အပြစ်ရှိတဲ့သူတွေ ငရဲသွားမယ့်သူတွေ အားလုံးအတွက်ပေါ့ လွတ်မြောက်ဖို့ရန်အတွက် နွားစာခွက်ငယ်ထဲ နှင်းစက်လေးတွေကြားထဲ ရွေးနတ်မယ့်အရှင် သူငယ်မွေးဖွားခဲ့ မင်းနဲ့တို့ အပြစ်မှလွတ်စေဖို့အတွက် ကယ်တင်ရှင်မွေးဖွားခဲ့ အေးချမ်းညချိန်ဝယ် ခရစ်စမတ်သတင်းကောင်း အားလုံးသိစေဖို့အတွက် အတူတူဆိုမယ် နှင်းစက်များနဲ့

ရင်မှာအမြဲ

ရင်မှာအမြဲ

Merry Christmas စောင့်ခဲ့တာကြပြီ အခုတော့ရောက်ရှိ ခရစ်စမတ်အချိန်လေး အချင်းချင်းနှုတ်ဆက် အပြုံးပန်းများဖလှယ်ဖို့ ပြုံးပြလိုက်ပါ ကပ်စေးမန်နဲ့နော် အားရပါးရ သီးချင်းလေးများဆိုမယ် ရှက်ကိုးရှက်ကန်း မင်းလုပ်မနေနဲ့ ကလိုက်ကြစို့ သီချင်းလေးများဆိုရင်း အမုန်းတရားတွေ မရှိဘူး အပျော်ရွှင်ဆုံး ခရစ်စမတ် ရင်မှာအမြဲရှိပါစေ၊ သာယာသော ခရစ်စမတ် ရင်မှာအမြဲဖြစ်ပါစေ၊ အားလုံးအတွက် အို…