တိတ်ဆိတ်တဲ့ညတည၊
တလောကလုံးအိပ်စက်တဲ့အချိန်
မှောင်လွန်းတဲ့ညတည
ကြယ်ကလေးများလင်းလက်နေတဲ့
ဗက်လင်မြို့လေးထဲကို
သူငယ်တော်လှမ်းဝင်ခဲ့ပြီ

လောကသားတွေရဲ့
အပြစ်နဲ့နှစ်မွန်းတဲ့အချိန်
လောကသားတွေကို
အပြစ်မှလွတ်မြောက်ရန်အတွက်
ကယ်တင်ရှင်မေရှိယသခင်
အားလုံးအတွက်ဖွားမြင်ခဲ့ပြီ

ဟာလေလုယာ
ကောင်းကင်ထက်ကသီချင်းသံ၊
ဟာလေလုယာ
သိုးထိန်များအပြေးအလွှားရောက်လာ
( ဟာလေလုယာ
ပညာရှိများပူဇော်ရန်လာ
ကယ်တင်ရှင်မေရှိယသခင်
အားလုံးအတွက်ဖွားမြင်ခဲ့ပြီ

Tags: