တေးရေး- အမည်မသိ၊
တေးဆို-Jenny

ဒီဇင်ဘာအေးချမ်းလှပတယ်
ငွေရောင်နှင်းကလေးတွေရယ်
ကမ္ဘာကြီးကို ဖုံးလွှမ်းကာ အေးမြစေတယ်…
ဒီလိုအချိန်ခရစ္စမတ်ရောက်ခဲ့ရင်
ပြန်လည်ကာတမ်းတမိနေတယ်
ဟိုတုန်းက တို့ရဲရင်မှာ ငြိမ်းချမ်းစေတယ်

Merry Christmas နှုတ်ဆက်သံတွေ
ပြန်ကြားတိုင်း နှလုံးသားတွေ
ကြည်နူးမှုပြည့်ဝလို့ အပြုံးပန်းပွင့်ပြီး
နွားစားခွက်လေးထဲ အိပ်စက်နေ
ယေရှု ဘုရားရဲချစ်သက်သေ
ပြန်လည်ကာဆန်းစစ်မိတယ်လေ…

ဒီလိုအချိန်ခရစ္စမတ်ပွဲနေ့မှာ
ဆွေသဟာတွေ ဝမ်းမြောက်ကြရဲလား
ရင်ထဲက စိတ်ညစ်စရာမေ့ထားလိုက်ပါ
ဒီကမ္ဘာကို အချစ်နဲ့ဆင်းခဲ့သူ
လူသားအားလုံးတို့တွေအတွက်
စံထားလို့နှိမ့်ချစွာ ဆင်းကြွလာပြီ…

Tags: