တေးရေး-အမည်ပသိ၊
တေးဆို-Nကိုင်ရာ

တစ်ခါတုန်းကပုံပြင်မဟုတ်တဲ့
တကယ်အဖြစ်အပျက်လေးတစ်ခုဟာ
ဟောင်းနွမ်းသွားလည်း ဆန်းသစ်နေဆဲပါ။
လူတွေကို ချစ်လွန်းလို့အကြင်နာပြုကြွခဲ့ပြီ
လောကသားတို့ငံ့လင့်နေတဲ့သခင်…

မြူနှင်းများဝေနေတဲ့ည မထင်ရှားတဲ့မြို့လေးမှာ
စွန့်ပစ်ထားတဲ့တင်းကုပ်ငယ်လေးဟာ
သူငယ်တော်လုံခြုံစေဖို့နေစရာလေးတစ်ခုဖြစ်ခဲ့တာ
နှိမ့်ချခြင်းသဘောရဲ့ သက်သေပါ…

သိမ်ငယ်စွာပဲစတဲ့ဘဝကို ရုန်းကန်လာခဲ့တာ
ကယ်တင်ခြင်းကိုပေးဆပ်ချင်လွန်းလို့ပါ
ဒီလိုအချိန်ကိုပြန်ရောက်ရင်
ခရစ်တော်ဟိုတစ်ချိန်လာခဲ့တုန်းကအဖြစ်တွေ
အမြဲတမ်းကွယ်သတိရနေတယ်…

Tags: