နှင်းစက်လေးတွေရယ် ရင်ထဲအေးမြသွားစေတယ်
နလုံးသားထဲအထိ အေးချမ်းသွားစေတယ်
ခရစ်စမတ်တေးသံနဲ့ နှင်းစက်လေးတွေကြားထဲ
လောကကြီးအတွက် သတင်းကောင်းလေးပြောမယ်

အပြစ်ရှိတဲ့သူတွေ ငရဲသွားမယ့်သူတွေ
အားလုံးအတွက်ပေါ့ လွတ်မြောက်ဖို့ရန်အတွက်
နွားစာခွက်ငယ်ထဲ နှင်းစက်လေးတွေကြားထဲ
ရွေးနတ်မယ့်အရှင် သူငယ်မွေးဖွားခဲ့

မင်းနဲ့တို့ အပြစ်မှလွတ်စေဖို့အတွက်
ကယ်တင်ရှင်မွေးဖွားခဲ့ အေးချမ်းညချိန်ဝယ်
ခရစ်စမတ်သတင်းကောင်း အားလုံးသိစေဖို့အတွက်
အတူတူဆိုမယ် နှင်းစက်များနဲ့

Tags: