တေးဆို –
တေးရေး –

V1:
ကောင်းကင်ထက်မှာ     ကိုယ်တော့်လက်ရာများ
မြေကြီးတစ်ပြင်လုံးမှာ အလွန်ထူးဆန်းခြင်းတွေ
သက်ရှိအရာများနဲ့ သက်မဲ့အရာရာပိုင်စိုးသော
ကျွန်ုပ်၏ဘုရား     ကိုယ်တော်ရှင်တစ်ပါးတည်း

CHO:
    ဖန်ဆင်းသောအရှင် ဘုန်းကြီးသခင်
    ကောင်းကင်သားတို့ဘုရင်   
    အိုကျွန်ုပ်ယဇ်ပလ္လင်မှာ နှလုံးသားတင်ကာ
    ချီးမွမ်းဂုဏ်ပြုရာ  အစဉ်အမြဲတည်သော ချစ်ခြင်းနဲ့
    ကျွန်ုပ်ဝိညာဉ်အား ရွေးနုတ်ခဲ့
    ကျွန်ုပ်၏ ဘုရား ကျွန်ုပ်၏ ကိုးကွယ်ရာ

V2:
    အသက်ရှူတိုင်းမှာ သခင့်ကျေးဇူးတော်များ
    ကရုစာလက်တော် အစဉ်အမြဲမစေနေ
    အသွေးနဲ့အသက်ပေးလို့  လူ့ဝိညာဉ်ကို ကယ်လွတ်ခဲ့
    ရွေးနုတ်ခြင်း ကိုယ်တော်သာပေးခဲ့

Leave a Reply

Your email address will not be published. Required fields are marked *